ပြင်ဦးလွင်မြို့လယ်ခေါင်မှာ တောရိုင်းတိရစ္ဆာန်တွေ၊ သဘာဝအလှတရားတွေနဲ့အတူ မမေ့နိုင်စရာ မိသားစုအမှတ်တရတွေကို ဖန်တီးလိုက်ပါ။
ရှားပါးလှပတဲ့ တိရစ္ဆာန်လေးတွေနဲ့ အနီးကပ်တွေ့ဆုံပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း ဗဟုသုတတွေလည်း လေ့လာရင်း... ပျော်ရွှင်စရာ စွန့်စားခန်းတွေနဲ့ ပြည့်နှက်နေတဲ့ တစ်နေ့တာကို အတူတူဖြတ်သန်းလိုက်ရအောင်။
ကလေးတို့နဲ့အတူ မိသားစုဝင်အားလုံး တိရစ္ဆာန်လေးတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ပိုမိုချစ်ခင်တန်ဖိုးထားလာစေဖို့... တို့တစ်တွေ အတူတူ ကြိုးစားကြပါစို့။
ဧရိယာ ၂၈ ဟက်တာ ကျယ်ဝန်းသော ကန်တော်ကြီးရေကန်သည် အမျိုးသားကန်တော်ကြီးဥယျာဉ်၏ အဓိကဗဟိုချက်တစ်ခုဖြစ်ပြီး စိုစွတ်မြေဧရိယာ၊ ရေနေသတ္တဝါများနှင့် အပင်မျိုးစိတ်များအတွက် အရေးပါသော သဘာဝပတ်ဝန်းကျင်ကို ပံ့ပိုးပေးသည့်အပြင် ဥယျာဉ်၏ ရေအသုံးချမှုနှင့် မြေယာရှုခင်းအလှအပကိုလည်း အထောက်အကူပြုပါသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် သစ်ပင်များ၊ ပန်းအလှပင်မျိုးစုံနှင့် သစ်တောရှုခင်းများကို တွေ့မြင်နိုင်ပြီး ဥယျာဉ်၏ သဘာဝအလှအပနှင့် ဇီဝမျိုးစုံမျိုးကွဲများကို အထောက်အကူပြုပါသည်။ ဒီလိုလေးဆိုရင်ပိုကောင်းမည်ထင်ပါသည်။
ရွှံ့နွံလမ်းလျှောက်လမ်းသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းရှိ စိုစွတ်မြေသဘာဝပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုနိုင်ရန်နှင့် သဘာဝအပင်များ၊ ပတ်ဝန်းကျင်ရှုခင်းများကို ခံစားနိုင်ရန် ဧည့်သည်များအတွက် စီစဉ်ပေးထားသော လမ်းလျှောက်လမ်းဖြစ်ပါသည်။
ငှက်လှောင်အိမ်အတွင်းသို့ ဧည့်သည်များ ဝင်ရောက်၍ ဥယျာဉ်အတွင်း သဘာဝဆန်သော ပတ်ဝန်းကျင်၌ ငှက်များကို အနီးကပ် လေ့လာကြည့်ရှုနိုင်ပါသည်။
ထင်းရှူးတောသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းရှိ သဘာဝရှုခင်းအလှများထဲမှ တစ်ခုဖြစ်ပြီး ထင်းရှူးပင်များဝန်းရံထားသော အေးချမ်းသည့် ပတ်ဝန်းကျင်နှင့် တောင်ပေါ်ဒေသ၏ အေးမြသော ရာသီဥတုကို ခံစားနိုင်ပါသည်။
မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ စုဆောင်းရရှိထားသော ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ကျောက်ဖြစ်သစ်သား အမျိုးအစားအမျိုးမျိုးကို ခင်းကျင်းပြသထားပြီး သက်ရှိများ၏ ဆင့်ကဲဖြစ်စဉ် (Evolution) နှင့် သဘာဝဖြစ်စဉ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် ပိုမိုနားလည်စေရန် အထောက်အကူပြုပါသည်။
ဤသစ်ခွဥယျာဉ်တွင် မြန်မာနိုင်ငံ၏ တောရိုင်းသစ်ခွမျိုးစိတ်ပေါင်း ၂၀၀ ကျော်ကို စုဆောင်းထိန်းသိမ်းထားပြီး မျိုးရင်းဝင်နှင့် CITES စာရင်းဝင် သစ်ခွမျိုးစိတ်များလည်း ပါဝင်ပါသည်။ ထို့အပြင် သစ်ခွပန်းချစ်သူများအတွက် အရောင်အသွေးစုံလင်လှပသော စပ်မျိုးသစ်ခွများကိုလည်း စိုက်ပျိုးပြသထားပါသည်။
ဤလိပ်ပြာပြတိုက်တွင် မြန်မာနိုင်ငံ၌ တွေ့ရှိရသော လိပ်ပြာမျိုးစိတ်ပေါင်း ၁,၂၀၀ ခန့်အနက် မျိုးစိတ်ပေါင်း ၁,၀၀၀ ခန့်နှင့် နိုင်ငံခြားလိပ်ပြာမျိုးစိတ်များမှ လိပ်ပြာမျိုးစိတ်ပေါင်း ၅၀၀ ကျော်၏ နမူနာများကို စုစည်းပြသထားပါသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် တစ်နှစ်လျှင် ရာသီအလိုက် ပန်းမျိုးစေ့ပေါင်း ၇၀၀,၀၀၀ ခန့်ကို စိုက်ပျိုး၍ ပန်းပင်ပျိုးပင်များ ထုတ်လုပ်ပေးလျက်ရှိပြီး အဓိကပျိုးခင်းကြီး ၂ ခုဖြင့် တစ်နှစ်ပတ်လုံး ထုတ်လုပ်ပေးလျက်ရှိပါသည်။ ထို့အပြင် မြိုပြစိမ်းလန်းစိုပြည်ရေးနှင့် အလှအပကို အထောက်အကူပြုရန် ဒေသခံအဖွဲ့အစည်းများထံသို့ ပန်းပင်များနှင့် သစ်တောသစ်ပင်များကိုလည်း ဖြန့်ဝေပေးလျက်ရှိပါသည်။
နှစ်စဉ်ကျင်းပပြုလုပ်သည့်ပန်းပွဲတော်သည် အမျိုးသားကန်တော်ကြီးဥယျာဉ်၏ အထင်ကရနှင့်လူကြိုက်အများဆုံး အခမ်းအနားတစ်ခုဖြစ်ပြီး နှစ်စဉ် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ကျင်းပပါသည်။ နှစ်စဉ် လာရောက်လည်ပတ်သူ ၅၀၀,၀၀၀ ကျော်ရှိသည့် ပန်းပွဲတော်သည် ပြည်တွင်း/ ပြည်ပခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက် ရေးအတွက် အကျိုးပြုသကဲ့သို့ ပြင်ဦးလွင်မြို့၏ ဂုဏ်ယူဖွယ် အထင်ကရပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ၁၈ ကြိမ်မြောက် နှစ်စဉ်ပန်းပွဲတော်ကို ကျင်းပခဲ့ပါသည်။
သင်္ကြန်အကြိုပွဲတော်
There is no upcoming event yet.
အသေးစိတ်ကြည့်ရန်No announcement yet.
အာဟာရပြည့်မှန် ကျားများသန်မာစေရန် စနစ်တကျ ကျွေးမွေးလျက် ရှိပါတယ်။ ဒီနေ့မှာတော့ လူအများ စိတ်ဝင်တစား မေးမြန်းကြသော ကိစ္စရပ်များထဲမှ ကျားများအား အစာ ပြင်ဆင် ကျွေးမွေးခြင်း နှင့် ပတ်သတ်သည့် အကြောင်းအရာများကို ဗဟုသုတရရှိနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။
Read More