အမျိုးသားကန်တော်ကြီးဥယျာဉ်

အမျိုးသားကန်တော်ကြီးဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

မေးခွန်းများ

မေးလေ့ရှိသော မေးခွန်းများ

အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ လာရောက်လည်ပတ်ရာတွင် သိရှိလိုသော မေးခွန်းများ၏ ဖြေကြားချက်များကို ဖတ်ရှုနိုင်ပါသည်။

ဥယျာဉ်အတွင်း Car parking အထိ ကားဖြင့် ဝင်လို့ရပါတယ်။ ထိုမှ ဘီးတပ် ကုလားထိုင်ဖြင့် ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုနိုင်ပါသည်။

မြန်မာနိုင်ငံသားများအတွက် လူကြီး (၅,၀၀၀) ကျပ် ၊ ကလေး (၃,၀၀၀) ကျပ် ဖြစ်ပြီး၊ နိုင်ငံခြားဧည့်သည်များအတွက် လူကြီး (၅)‌ ဒေါ်လာ/(၁၅,၀၀၀) ကျပ်၊ ကလေး (၃)‌ ဒေါ်လာ/(၁၂,၀၀၀) ကျပ် ဖြစ်ပါတယ်။ နိုင်ငံခြား ဧည့်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ အပြင် မြန်မာငွေဖြင့်လည်း နှုန်းသင့် ဝယ်ယူနိုင်ပါသည်။

Buggy ကား ငှားရမ်းခြင်းမှလွဲ၍ ဥယျာဉ်ဝင်ကြေးလက်မှတ်ခတွင် အားလုံး အကျုံးဝင်ပါသည်။

MMK (မြန်မာကျပ်) နှင့် USD (အမေရိကန်ဒေါ်လာ) ငွေကြေးနှစ်မျိုးလုံးကို လက်ခံပါသည်။

ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်၍ သတ်မှတ်ချက်များအတိုင်း ဝင်းကြေးလျှော့ပေါ့ခံစားခွင့်၊ အခမဲ့ ဝင်ရောက်ခွင့်တို့ကို ရရှိနိုင်ပါသည်။

အပျော်စီးယာဉ် စီးနင်းရန် ကြိုတင်စာရင်းပေးသွင်းရန် မလိုအပ်ပါ။ ဥယျာဉ်သို့ ရောက်ရှိချိန်တွင် တိုက်ရိုက် ငှားရမ်းစီးနင်းနိုင်ပါသည်။ သို့သော် ဧည့်သည်များပြားသော ရက်များတွင် အပျော်စီးယာဉ်များကို ဦးရာလူစနစ်ဖြင့် ဝန်ဆောင်မှုပေးသဖြင့် အလှည့်ကျ စောင့်ဆိုင်းရနိုင်ကြောင်း အသိပေးအပ်ပါသည်။

ဥယျာဉ်အတွင်း ဖွင့်လှစ်ထားသည့် ခေတ်မီလှပသော Bamboo Café& Restaurant တွင် ရှုခင်းအလှများ ကြည့်ရှုခံစားရင်း အပန်းဖြေ သုံးဆောင်နိုင်ပါသည်။ ထို့အပြင် ပါရှိလာသော အစားသောက်များကိုလည်း Public area များ၌ စုဖွဲ့၍ အနားယူ သုံးဆောင်နိုင်ပါသည်။ မေတ္တာရပ်ခံလိုသည်မှာ စွန့်ပစ်အမှိုက်များကို အမှိုက်ပုံးများ အတွင်းသို့ စွန့်ပစ်ပေးပါရန် နှင့် ဆေးလိပ်မီးခိုးငွေ့ကင်းစင်သောဥယျာဉ် ဖြစ်သဖြင့် သတ်မှတ်နေရာများတွင်သာ ဆေးလိပ်သောက်ကြရန် ဖြစ်ပါသည်။

ဥယျာဉ်နှင့် လမ်းတစ်ခုသာခြားသော နေရာတွင် သာယာလှပသည့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ကို လည်ပတ်နိုင်မှာ ဖြစ်သလို ဥယျာဉ်နှင့် အလှမ်းမဝေးသည့် နေရာများရှိ ထင်းရှူးစိုက်ခင်း၊ ကော်ဖီစိုက်ခင်းများ၊ စပျစ်ခြံများသို့လည်း သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါသည်။

ဥယျာဉ်ကို နံနက် ၈:၀၀ နာရီမှ ညနေ ၆:၀၀ နာရီအထိ နေ့စဉ် ဖွင့်လှစ်ထားပါသည်။ ဥယျာဉ်အတွင်းရှိ အခြားသော လှုပ်ရှားမှုများနှင့် ဝန်ဆောင်မှုများကို ညနေ ၅:၀၀ နာရီတွင် ပိတ်သိမ်းပါသည်။

ရှိပါသည်။ ဥယျာဉ်အတွင်း၌ နာမည်ကျော် Cherry Photo Studio မှ ဓာတ်ပုံရိုက်ကူးရေး ဝန်ဆောင်မှုကို ဖွင့်လှစ်ထားပြီး ဧည့်သည်များအနေဖြင့် မိမိတို့၏ အမှတ်တရအခိုက်အတန့်များကို လွယ်ကူအဆင်ပြေစွာ မှတ်တမ်းတင်နိုင်ပါသည်။

သီးသန့် Information Center မရှိသေးပါ။ သို့သော် ဥယျာဉ်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို လက်မှတ်အရောင်းကောင်တာရှိ ဝန်ထမ်းများထံတွင် မေးမြန်းစုံစမ်းနိုင်ပါသည်။

ဥယျာဉ်သို့ သွားရောက်ရန် နည်းလမ်းနှစ်မျိုး ရှိပါသည်။ မြို့လယ်ရှိ နာရီစင်မှ မြင်းလှည်း သို့မဟုတ် စက်ဘီးဖြင့် သွားရောက်နိုင်သလို ကားဖြင့် သွားရောက်ပါကလည်း ၅ မိနစ်ခန့်သာ ကြာမြင့်ပါသည်။ မိမိတို့အဆင်ပြေသည့် သယ်ယူပို့ဆောင်ရေးနည်းလမ်းကို ရွေးချယ်လာရောက်နိုင်ပါသည်။

ပန်းပွဲတော်ကို နှစ်စဉ် ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်း ကျင်းပလေ့ရှိပြီး ပုံမှန်အားဖြင့် ရက်ပေါင်း ၃၀ ခန့် ကြာမြင့်ပါသည်။ ပွဲတော်ကျင်းပမည့် ရက်စွဲနှင့် အသေးစိတ်အချက်အလက်များကို ပွဲမတိုင်မီ ကြိုတင်အသိပေး ကြေညာပေးသွားမည် ဖြစ်ပါသည်။

ရှိပါသည်။ ဥယျာဉ်အတွင်း ကားရပ်နားကွင်းအနီးတွင် ကလေးများအတွက် အပန်းဖြေကစားနိုင်သော ကစားကွင်းတစ်ခု ဖွင့်လှစ်ထားပြီး မိသားစုများအနေဖြင့် ကလေးငယ်များနှင့်အတူ လာရောက်အပန်းဖြေနိုင်ပါသည်။

ရှိပါသည်။ ဥယျာဉ်အတွင်းရှိ ရေကန်ပေါ်ရှိ တံတားတွင် ငါးအစာကျွေးနိုင်သော သီးသန့်နေရာ စီစဉ်ပေးထားပါသည်။ ထို့အပြင် ငါးအစာများကိုလည်း ထိုနေရာအနီးတွင် အလွယ်တကူ ဝယ်ယူနိုင်သဖြင့် ဧည့်သည်များအနေဖြင့် ငါးများအား အစာကျွေးရင်း အပန်းဖြေအချိန် ကုန်ဆုံးနိုင်ပါသည်။

မဟုတ်ပါဘူး။ ဥယျာဉ်အတွင်း ပြသထားသော ပန်းများကို ရာသီအလိုက် ပြောင်းလဲစိုက်ပျိုးပြသလေ့ရှိပါသည်။ ထို့ကြောင့် လာရောက်လည်ပတ်သည့် အချိန်အလိုက် မတူညီသော ပန်းမျိုးစုံကို မြင်တွေ့နိုင်ပါသည်။ အထူးသဖြင့် ပန်းပွဲတော်ကာလအတွင်းတွင် အခြားရာသီများထက် ပန်းမျိုးစုံမျိုးကွဲများကို ပိုမိုစုံလင်စွာ ကြည့်ရှုခံစားနိုင်ပါသည်။

ရှိပါသည်။ ဝယ်ယူထားသော လက်မှတ်ကို လက်မှတ်ပေါ်တွင် ဖော်ပြထားသော သတ်မှတ်ရက်စွဲ၌သာ အသုံးပြုနိုင်ပါသည်။ အခြားရက်များတွင် အသုံးပြုခွင့် မရှိပါ။

သိရှိလိုသည်များ ကျန်ရှိနေသေးပါသလား?

သင်သိလိုသည်များကို အီးမေးလ်မှတစ်ဆင့် ပေးပို့မေးမြန်းနိုင်ပြီး ကျွန်ုပ်တို့ဘက်မှ အမြန်ဆုံး ပြန်လည်ဖြေကြားပေးသွားမည် ဖြစ်ပါသည်။

ဆက်သွယ်ရန်