Map not available
Outdoor
အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် သစ်ပင်များ၊ ပန်းအလှပင်မျိုးစုံနှင့် သစ်တောရှုခင်းများကို တွေ့မြင်နိုင်ပြီး ဥယျာဉ်၏ သဘာဝအလှအပနှင့် ဇီဝမျိုးစုံမျိုးကွဲများကို အထောက်အကူပြုပါသည်။ ဒီလိုလေးဆိုရင်ပိုကောင်းမည်ထင်ပါသည်။
ကန်တော်ကြီးရေကန်၏ ပတ်ဝန်းကျင်နှင့် ကမ်းနားတစ်လျှောက်တွင် ဒေသခံမျိုးစိတ်များနှင့် နိုင်ငံခြားမှ တင်သွင်းစိုက်ပျိုးထားသော ရာသီအလိုက် ပန်းမျိုးစုံ ပွင့်လန်းနေသဖြင့် လှပသော ရှုခင်းများနှင့် သာယာကြည်နူးဖွယ် မြင်ကွင်းများကို ဖန်တီးပေးထားပါသည်။
ဥယျာဉ်အတွင်းရှိ စိုက်ပျိုးသစ်တောများနှင့် သဘာဝသစ်တောများ သည် ဥယျာဉ်၏ သဘာဝအလှအပနှင့် အဓိကအပြင်အဆင်ကို ပံ့ပိုးပေးသည့် အရေးပါသော အစိတ်အပိုင်းများ ဖြစ်ပါသည်။ ဥယျာဉ်အတွင်းတွင် သဘာဝအလျောက်ပေါက်ရောက်သော သစ်ပင်များနှင့် စိုက်ပျိုးထားသော သစ်ပင်များအပါအဝင် မျိုးစိတ်ပေါင်း ၃၀၀ ကျော်၊ သစ်ပင်အရေအတွက် ၇,၀၀၀ ကျော် ရှိပြီး ဥယျာဉ်၏ အဓိကသစ်တောဖုံးလွှမ်းမှုကို ဖန်တီးပေးထားပါသည်။
ဥယျာဉ်အတွက် အထူးအရေးပါသော သစ်ပင်များမှာ ထင်းရှူးပင် (Pine)၊ Silver Oak ပင်၊ ဒေသခံချယ်ရီပင် (Local Cherry)၊ ဂျပန်ချယ်ရီပင် (Japanese Cherry)၊ Cypress ပင်၊ American Sweet Gum ပင် (ဒေသတွင်းတွင် Maple ဟု ခေါ်ဆိုကြသည်) နှင့် ဂျပန် Ginko ပင် (Japanese Ginko) တို့ ဖြစ်ပါသည်။
ထို့အပြင် နိုင်ငံတစ်ဝန်းမှ စုဆောင်းထားသော ဝါးမျိုးစိတ်ပေါင်း ၆၀ ခန့် ပါဝင်သည့် ဝါးဥယျာဉ်သည်လည်း ဤဥယျာဉ်၏ တန်ဖိုးရှိသော သဘာဝအမွေအနှစ်များထဲမှ တစ်ခုဖြစ်ပါသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်လည်ပတ်ရာမှာ ပိုမိုစိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းစေဖို့အတွက် ဒီနေရာလေးကိုလည်း သင့်ရဲ့ ခရီးစဉ်အစီအစဉ်မှာ ထည့်သွင်းဖို့ မမေ့ပါနဲ့ဦး။
လည်ပတ်မည်