Map not available
Outdoor
နှစ်စဉ်ကျင်းပပြုလုပ်သည့်ပန်းပွဲတော်သည် အမျိုးသားကန်တော်ကြီးဥယျာဉ်၏ အထင်ကရနှင့်လူကြိုက်အများဆုံး အခမ်းအနားတစ်ခုဖြစ်ပြီး နှစ်စဉ် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ကျင်းပပါသည်။ နှစ်စဉ် လာရောက်လည်ပတ်သူ ၅၀၀,၀၀၀ ကျော်ရှိသည့် ပန်းပွဲတော်သည် ပြည်တွင်း/ ပြည်ပခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက် ရေးအတွက် အကျိုးပြုသကဲ့သို့ ပြင်ဦးလွင်မြို့၏ ဂုဏ်ယူဖွယ် အထင်ကရပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ၁၈ ကြိမ်မြောက် နှစ်စဉ်ပန်းပွဲတော်ကို ကျင်းပခဲ့ပါသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်၏ အထင်ရှားဆုံးနှင့် လူကြိုက်အများဆုံး အခမ်းအနားတစ်ခုမှာ နှစ်စဉ် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများအတွင်း ကျင်းပပြုလုပ်သည့် ပန်းပွဲတော်ဖြစ်ပါသည်။ အဆိုပါပန်းပွဲတော်ကို ဥယျာဉ်၏ လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ပေးရန်နှင့် မြန်မာနိုင်ငံ၏ ပန်းစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။
ထို့အပြင် ပန်းပွဲတော်သည် ဒေသတွင်း စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာအကျိုးပြုလျက်ရှိပါသည်။ ဆောင်းရာသီတွင် ကျင်းပသည့် ဤပန်းပွဲတော်သို့ နှစ်စဉ် လာရောက်လည်ပတ်သူဦးရေ ၅၀၀,၀၀၀ ကျော်ရှိပြီး ပြင်ဦးလွင်မြို့၏ ဂုဏ်ယူဖွယ်ရာ အထင်ကရပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ၁၈ ကြိမ်မြောက် နှစ်စဉ်ပန်းပွဲတော် ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်လည်ပတ်ရာမှာ ပိုမိုစိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းစေဖို့အတွက် ဒီနေရာလေးကိုလည်း သင့်ရဲ့ ခရီးစဉ်အစီအစဉ်မှာ ထည့်သွင်းဖို့ မမေ့ပါနဲ့ဦး။
လည်ပတ်မည်