ပြည်တွင်းပြည်ပ အလှစိုက်ပန်းစေ့ပေါင်း (၇)သိန်းခန့်ကို တစ်နှစ်ပတ်လုံး ရာသီအလိုက် ပျိုးထောင်စိုက်ပျိုးနေခြင်း ဖြစ်ပါသည်။ တစ်ရာသီလျှင် ပန်းမျိုးစိတ် (၃၀) မှ (၄၀) ခန့်အထိ စိုက်ပျိုးပြီး၊ နွေနှင့် ဆောင်းတွင် တစ်ကြိမ်စီ၊ မိုးရာသီတွင် နှစ်ကြိမ်ဖြင့် တစ်နှစ်လျှင် စုစုပေါင်း (၄) ကြိမ် အဆက်မပြတ် စိုက်ပျိုးလျက် ရှိပါသည်။